မွန်ပြည်နယ် ကျိုက္ခမီမြို့ အောင်ပင်လယ် ရပ်ကွက်တွင် ဖြစ်ပွါးခဲ့သော မီးတိုင်း 8 တိုင် နှင့် Tramsformer များ လဲ ပြိုကျချင်းဖြစ်စဉ် နှင့်ပက်သက်၍ သစ်ပင် သစ်ကိုင်းများကို အခြေအနေအားမသိနားမလည်သောဒေသခံ ဦးသက်ထွေးအောင် မှ ရှင်းလင်း ခုတ်လှဲစဉ် မီးကြိုးများပေါ်သို့ သစ်ကိုင်းကျ ရောက်ခဲ့ပြီး ဖြစ်ပွါးခဲ့ခြင်းသာဖြစ်ပြီး ၎င်း ဖြစ်စဉ်များအား ဖြစ်ဖြစ်ခြင်း အချိန် မှစ၍ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မှုး ဦး လှိုင်မျိုးကျော် ၊ ကျိုက္ခမီမြို့ လျှပ်စစ်မှုး ဦးကျော်စိုးမိုး၊ ကျိုက္ခမီမြို့ အုပ်ချုပ်ရေးမှုး ဦးဖြိုးကျော်ကျော် ၊ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးငယ် စသည့် တာဝန်ရှိသူများမှ အချိန် နှင့်တပြေးညီ မြို့တွင်းရပ်ကွက်မျအား လျှပ်စစ်မီး ပြန်လည် ရရှိရေးကို တာဝန်ကျေစွာ တာဝန်ခံ၍ လျင်မြန်စွာဆောင်ရွက်လျက်ရှိပါသည်။ ပျက်စီး ဆုံးရှုံးခဲ့သော ပစ္စည်း တန်ဘိုးများမှာ (၂၅) သိန်းကျပ်ခန့်
ဖြစ်ပြီး
ပြုလုပ်သူ ကာယကံရှင် မှ ၁၅ သိန်း ၊
မြို့နယ်လျှပ်စစ် မှုးဦးလှိုင်မျိုးကျော်မှ ၅ သောင်း
မြို့အုပ်ချုပ်ရေးမှုးဦးဖြိုးကျော်ကျော် မှ ၁ သိန်း။ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးငယ်မှ ၂ သိန်း ၊
ဦးသက်ဝင်းပိုင် (ဟိတကာရီနာရေးကူညီမှုအသင်း ဥက္ကဌ) မှ ၁ သိန်း၊ ဦးလှိုင်ဝင်းဌေး မှ ၁ သိန်း ၊
ဦးမြင့်စိုး(ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ) ၁ သိန်း ၊
ကိုဖြိုး ရေခဲစက် မှ ၁ သိန်း ၊ ထည့်ဝင် လှုဒါန်းခဲ့ပြီး ကျန် Tramsformer ပြုပြင်စရိတ် နှင့် ကရိန်း ၊လုပ်သား ကုန်ကျစရိတ် အဝဝ ကို ကျိုက္ခမီမြို့ လျှပ်စစ်ဌါန မှ ကျခံ သွားမည်ဖြစ်ပါကြောင်းး အသိပေးအပ်ပါသည်။ သက်ဆိုင်ရာ ဌါန နှင့် တာဝန်ရှိသူများ ကျိုက္ခမီမြို့ အတွက် တာဝန်သိစွာ လှုဒါန်းပေးခဲ့ပါသော အလှုရှင်မျအား ကျိုက္ခမီမြို့ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။
Credit to Ko Thet Win Paing
0 comments:
Post a Comment