ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်
မကြာမီ ကျင်းပ ပါတော့ မည်။
၁၃၇၈ ခုနှစ် သီတင်းကျွတ်လဆန်း ၉ ရက်နေ့ 
တွင် မဟာမြတ်ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖြင့်
မြတ်ဗုဒ္ဓအလိုကျ ဓမ္မပူဇာဖြင့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဗုဒ္ဓပူဇနိယ
ပွဲတော်ကို စတင် ဖွင့် လှစ်မည် ဖြစ်ပါသည်။
လပြည့် နေ့ တွင် အဘိဓမ္မာအခါတော်နေ့ 
အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။
လပြည့်  နေ့ မနက်တွင်ဆွမ်းအိုးမျှောပွဲများ။
ဒေသရိုးရာ ရှင်ပဂုတ္တ မထေရ် အား ရည်မှန်း
၍ ဖောင် မျှောပွဲများ ကျင်းပမည်ဖြစ်ပါသည်။
ညဘက်တွင် ရေလယ်ဘုရား ကုန်းတော်ပေါ်
၌ ဆီမီးကိုးထောင် ထွန်းညှိ ပူဇော်ပွဲ
ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။
ဘုရားပွဲကာလ အတွင်း ရွေသံလွင် ကုမ္ပဏီ
နှင့် မြို့ ပေါ် အလှူရှင် အသီးသီးမှ
ရေလယ်ဘုရား တွင် ဘုရားဖူးလာ
ဧည့် ပရိသတ်များအား နေ့ စဉ်
စတုဒီသာ ထမင်း ဟင်း ဖြင့် ကျွေးမွေး
လှူဒါန်းကြမည် ဖြစ်ပါသည်။
ဘုရားပွဲတော် တွင် ပျော်ပွဲရွင်ပွဲများ
အဖြစ် စင်မြင့်တေးဂီတ ဖျော်ဖြေပွဲ
ဖိုးချစ်ဇာတ်ပွဲ ။ မော်လမြိုင် ဇာတ်ပွဲ နှစ်ပွဲ။
ဘော်လုံးပြိုင်ပွဲ။ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲ များ ပါဝင် ဖျော်ဖြေမှာ ဖြစ်ပါသည်။
ဈေးဆိုင်ခန်းများစွာ လာရောက် ရောင်းချလေ့ရှိသော အလွန်စည်ကားလှ
သည့်  ကျိုက္ခမီရေလယ်ဘုရားပွဲတော်သို့ 
အလည်တစ်ခေါက် လာရောက် ပါရန်
တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်လိုက်ရပါသည်။
Credit to Ko Htin Kyaw Oo
0 comments:
Post a Comment