EDUCATIONKYAIKKAMI

our website isComing Soon

In the mean time connect with us with the information provided

Copyright © Kyaikkhami Education | Published By Gooyaabi Templates | Powered By Blogger
Design by WebSuccessAgency | Blogger Theme by NewBloggerThemes.com

Popular Posts

Contact Form

Name

Email *

Message *

Accordition

Comments

Categories

Labels

Slide Show

Featured Posts

Category

Popular Posts

***ဆက်သွယ်ရန်***

Photo on Flickr

Thursday, August 18, 2016

မွန်ပြည်နယ် ကျိုက္ခမီမြို့ မှ ပရဟိတအသင်းများနှင့် စေတနာရှင် အလှုရှင်များ၊ စုပေါင်း၍ မကွေးတိုင်ဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အတွင်း ရှိ လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ် ကျိုက္ခမီမြို့ မှ ပရဟိတအသင်းများနှင့် စေတနာရှင် အလှုရှင်များ၊ စုပေါင်း၍ မကွေးတိုင်ဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အတွင်း ရှိ ကံမမြို့မှ စက်လှေဖြင့် အသွားအပြန်
( ၅ )နာရီခန့်စက်လှေစီး၍ ပုထိုးကျေးရွာ၊ မင်းပြင်ကျေးရွာ၊နံကပ်
ကျေးရွာများသို့ ကံမမြို့ယွန်းကျောင်း ဆရာတော် ဦးကောဝိဒ
(မြို့နယ်သံဃာ့ဥက္ကဌ)၏ ဦးဆောင်စီစဉ်ထားမှုဖြင့် အလှုရှင်အဖွဲ့များသွားလာရန် ခက်ခဲပြီး တကယ်လိုအပ်နေသောယင်းကျေးရွာများသို့
ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့များရောက်ရှိချိန် ဟာ ရေကျသွားပါပြီးဖြစ်ပါသည်။ သို့ပါသော်လည်း ကျေးရွာနေ အိမ်ထောင်စု များ မှာ ကောက်ပဲသီနှံခင်းများ(လုံးဝ)ပျက်စီးသွားခဲ့ရပြီး စားနပ်ရိက္ခာများ လွန်စွာလိုအပ်လျက်ရှိနေပါသည်။ စာသင်ကျောင်းများ ပိတ်ထားဆဲဖြစ်ကာ အဝီစိတွင်းများ ရေကန်များ
သောက်သုံးရန်မရသေးသဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သောရေသန့်များလဲ လိုအပ်နေပါသေးသည်။ ကျွန်တော်တို့ရောက်ရှိချိန်မှာ ဝမ်းသာအားရ ဖြစ်နေတဲ့ ရွာသားတွေ မျက်နှာ ကို မြင်ရတာလွန်စွာပဲပီတိဖြစ်ရပါတယ်။ ရွာ ၃ ရွာကို လှုဒါန်းပြီးချိန် မှာ ည 7:30 ရှိပါပြီး။ ဆွမ်းခံရင်းဌက်သင့်ဆိုသလိုပဲ အပြင်းအထန်ကျန်းမာရေးမကောင်းပဲ ဆေးရုံတင်ဖို့ ပဲ့ထောင်လေးပေါ်ကို အမျိုးသမီးလူနာတစ်ယောက် ကို တင်လာတာတွေ့ရပါတယ်။အရမ်းနွမ်းပါးတဲ့ လူတွေမို့ဦးမြင့်စိုးနဲ့တူတူပေါင်းပြီး ငွေ( ၄၀၀၀၀)လှုခွင့်ရသွားပါသေးတယ် ။ဧရာဝတီမြစ်ပြင် ကိုဖြတ်ပြီးပြန် လာချိန် အတွေးလေးတွေ ပါ လာ ပါတယ် ။ ငါတို့လူမျိုးတွေအများကြီး ကြိုးစားရအုံးမယ် ညီညွှတ်ဖို့လဲ
တော်တော် လိုသေးတယ် ဆိုတာပဲ ။ ကံမမြို့နယ် အဆင့် ဆိုပေမဲ့ ယနေ့အထိ ဆေးရုံးမရှိသေးပါ ။ ၎င်းပတ်ဝန်းကျင်ရွာပေါင်းများစွာရှိပေမဲ့ ဆေးရုံ မရှိတာ ဟာတော်တော်လေးဆိုးရွားပါတယ်။
ကျေးဇူးတင်ရှိခြင်း
-----------------------------
ရေဘေးသင့်ဒေသို့သွားရာ ခရီးစဉ်တစ်လျှောက် ၌ မော်တော်ယာဉ် အကူအညီပေးပါသော ဦးစောလှထွန်း(ခ)ကိုငယ်လေး
ဦးမြင့်ဦးလွင်+အန်တီမော် ၊ ညီလေးစောမင်း ၊
စေတနာဖြင့်ယာဉ်မောင်းပေးကြသော ကိုဝလေး၊ကိုထွန်းဝင်း၊ကိုဆန်း
တို့အား၎င်း။ ဦးမြင့်စိုး၊ကိုသန်းတင့်၊ကိုဇာနည် ၊ ကိုအောင်အေး တို့အား၎င်း။ ဆက်သွယ်ဆောင်ရွက်ပေးရုံမက လူကိုယ်တိုင် လိုက်လံကူညီပေးတဲ့ရနိကုန်မြို့မှ ပရဟိတ
အကိုကြီး ကိုအေးဝင်းနှင့် ညီလေး မောင်မောင်(ပြည့်စုံစိန်တိုက်) တို့အား၎င်း။ ကံမမြို့မှ ဆရာတော် ဦးကောဝိဒ နှင့် တပည့်ဒကာ များအား ၎င်း။ လိုအပ်သည်များကူညီပေးပါသော မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်မြို့) နှင့် ရေသန့် (60)ကဒ်အား စေတနာဖြင့်လှုဒါန်းပေးခဲ့သော (Asia) ရေသန့်စက်ရုံ
(ပြည်မြို့) အား၎င်းး ။ အဖက်ဖက်မှလိုအပ်ချက်များအားဝိုင်းဝန်းကူညီပေးခဲ့ကြသော မိတ်ဆွေ သူငယ်ချင်း လူကြီး လူငယ်များ ဟိတကာရီ၊ဖြူစင်နှလုံးသာ၊မန်းရတနာ စသည့် ပရဟိတအသင်းများမှ ညီအကိုမောင်နှများနှင့် အလှုရှင် စေတနာရှင်များ အားလုံးကို အလေးထားကျေးဇူးတင်ရှိပါကြောင်း နှင့်အလှုရှင်များ
စေတနာရှင်များလဲ သာဓု (၃)ကြိမ် ခေါ်ဆိုနိုင်ပါပြီ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
Credit to Ko Thet Win Paing
၁၇.၈.၂၀၁၆






























Share:

0 comments:

Post a Comment

slider