မသာ တစ်ခေါက် ကျောင်းဆယ်ခေါက် စကားသည်
အင်မတန် မှန်လှပေသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးသော
သန့်ရှင်း သပ်ရပ် စနစ်တကျ စီစဉ်ထားသည့်
ကျိုက္ခမီ မြန်မာသုဿန်အား သွားရောက်လေ့လာခဲ့~~~~
အမှန်တိုင်းပြောရရင် ဦးဇင်း သုဿန်တွေမရောက်တာ
၅နှစ် လောက်ရှိပြီ ။အခု ကျိုက္ခမီ နာရေး/လူမှု ကူညီရေး
အသင်း ဥက္ကဋ္ဌ ကိုမောင်ဖြူ ကျေးဇူးကြောင့်
လေ့လာခွင့် ရချိန်မှာတော့ စိတ်ထဲမှာ
သတိသံဝေဂ များစွာဖြစ်စေပါတယ်~~~~~~~
ကျေးဇူးပါ ဒကာ ကိုမောင်ဖြူရေ~~~~~~~
ဦးပဇင်း ဂုဏ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(ပုဂံခေတ်=အနန္တသူရိယ အမက်ကြီး၏ သံဝေဂ ကဗျာ)
***********************************
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မက်ပေါင်းရံလျှက်
ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျှာတည်း
ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း
မလွတ်ကြမ္မာ လူတစ်ကာတို့ ခန္ဓာခိုင်ကြည်
အတည်မမြဲ ဖောက်လွှဲတက်သည် မချွတ်စသာ
သတ္တဝါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံဝိပါတ် သံသာစက်၌ ကြိုက်လက်တုံမူ
တုံ့မယူလို ကြည်ညိုစိတ်သန် သခင်မွန်ကို
ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စ ငါ့ခန္ဓာတည်း။
*****************************
တုံ့မယူလို ကြည်ညို စိတ်သန် သခင်မွန်ကို
Credit to အရှင် ဂုဏသာရ


















0 comments:
Post a Comment