EDUCATIONKYAIKKAMI

our website isComing Soon

In the mean time connect with us with the information provided

Copyright © Kyaikkhami Education | Published By Gooyaabi Templates | Powered By Blogger
Design by WebSuccessAgency | Blogger Theme by NewBloggerThemes.com

Popular Posts

Contact Form

Name

Email *

Message *

Accordition

Comments

Categories

Labels

Slide Show

Featured Posts

Category

Popular Posts

***ဆက်သွယ်ရန်***

Photo on Flickr

Monday, August 22, 2016

22-8-16ကွယ်လွန်သူ ဦးစံဖေ အသက်(၁၀၇)နှစ် သီရိမြိုင် အောင်သုခရပ်ကွက်


ကျိုက္ခမီမြို့အောင်သုခရပ်ကွက်ရေကန်နောက်လမ်းတွင်နေထိုင်သောအသက်ရာကျော်ဖိုးဖိုးဦးစံဖေမှာ20.8.2016ရက်နေ့နံနက်၎နာရီအချိန်တွင်ကွယ်လွန်သွားပါသဖြစ်ကျန်ရစ်သောရုပ်အလောင်းကို22.8.2016ရက်နေ့ညနေ၂နာရီအချိန်တွင်ဆင်ပုန်းသုသာန်သို့ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ပါသည်
ဖိုးဖိုး၏နာရေးကိစ္စတွင်လိုရာအသုံးပြုနိုင်ရန်အတွက်ဖြူ စင်နှလုံးသားလူငယ်များသွေးလှူ ရှင်အဖွဲ့မှအလှူ ငွေကျပ်(30000)ကိုထည့်ဝင်လှူ ဒါန်းပေးခဲ့ပါသည်
ဖိုးဖိုးဦးစံဖေမှာနိုင်ငံတော်မှပေးအပ်ထားသောဂုဏ်ပြုမှတ်တမ်းကိုရရှိထားသူလဲဖြစ်ပါသည်


Credit to  ဖြူစင်နှလုံးသား သွေးအလှူရှင်အသင်း

22-8-16ကွယ်လွန်သူ
ဦးစံဖေ
အသက်(၁၀၇)နှစ်
သီရိမြိုင် အောင်သုခရပ်ကွက်
Credit to Ko Pyi Soe
ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များနာရေးကူညီမှုအသင်း 

* ကွယ်လွန်သူ  (ဦးစံဖေ) ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ကျိုက္ခမီမြို့သူ/သားများထပ်တူ ၀မ်းနည်းရပါကြောင်းနှင့်
* ကွယ်လွန်သူ (ဦးစံဖေ) သည် မိမိပြုခဲ့သော ကောင်းမှုကုသိုလ် အဖို့ ဘာဂ ကို အမျှရ၍ သာဓု သာဓု သာဓု ခေါ်ဆို၍ သုဂတိ ဘုံသို့ ရောက်ပါစေသာ။

ကျိုက္ခမီမြို့သူ/သားများမှ ဆုတောင်း မေတ္တာပို့သလိုက်သည့်အပြင်

ရုပ်နာမ်နှစ်ဝ သင်္ခါရကို ငါဟုသမုတ် ယနေ့ကွယ်လွန်သူ(ဦးစံဖေ) သည် ဤလူ့လောက၌ရှိစဉ် ကောင်းမှုများကို ကောင်းစွာရွှင်လန်း ကြိုးပမ်းတကုတ် အားထုတ်ကုသိုလ်အစု ကောင်းမှု မင်္ဂလာကြောင့် ဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် သာသနာဦးစီး အရှင်မဟာကဿပ စသော မထေရ်ကြီးကဲ့သို့ လောကအကျိုး သာသနာအကျိုး သယ်ပိုးလိုလား မဟာထေရ်ကြီးများတို့သည်လည်းကောင်း၊ လောကအကျိုး၊ သာသနာ့အကျိုး သယ်ပိုးလိုလား၊ မင်းကောင်း မင်းမြတ်များတို့သည်လည်းကောင်း၊ ငါးမာန်အောင်မြင် ဘုရားရှင်၏ သုံးခွင်စကြာ သာသနာကို ကမ္ဘာအတွင်း ရောင်ဝါလင်းလျက် အနှစ်ငါးထောင် မြင့်ခေါင်ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ ကောင်းစွာ လျှောက် စောင့်ရှောက်ကူညီပါစေသော်ဝ်။

ယနေ့ကွယ်လွန်သူ (ဦးစံဖေ) သည် အဆုံးဘ၀ နောက်ကာလ၌ ဓမ္မငါးခိုင်း ကိုယ်တိုင်သိငြား ပညာဓိက ဘုရားအဖြစ်သို့ စင်စစ်မုချ ရောက်ရှိရ၍ များလှဖုံဖုံ အလုံးစုံသော သုံးဘုံတိုက်နေ ဗိုလ်ခြေများစွာ နတ်လူ ဗြဟ္မာ ဝေနေယျတို့ကို သံသရာပြင်ကျယ် မြစ်ပင်လယ်တစ်ခွင် ကယ်တင်ရပါလို၏ဟူ၍ ကျိုက္ခမီမြို့သူ/သားများမှထပ်တူဆုတောင်းပါပေး၏။အရှင်ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ် - ဓမ္မစရိယ ဦးတင်မြင့်ဆုတောင်းပတ္ထနာမှ ကိုးကားရေးသားခြင်းဖြစ်ပါသည်။
ဓမ္မစရိယ ဦးတင်မြင့်အား ဘေးရန်ကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွတ်နိုင်ပါစေ။
ကျိုက္ခမီမြို့သူ/သားများမှ သာဓု သာဓု သာဓုပါ ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ်ဒေါင်းလော့ယူရန်










--------------------

မွန်ပြည်နယ် ကျိုက္ခမီမြို့ အသက်ရာကျော်ဖိုဖိုးဦးစံဖေ၏ဈာပန

22 Aug 2016
ကျွန်တော် တို့ငယ်ငယ်ကပဲ အသုဘ
မြင်းပေါင်စီးတယ်အလောင်းကစားတယ်ဆိုတာ မြင်ဘူးပါတယ်။ ခုအဖိုး ဦးစံဖေ အသက် (၁၀၇)နှစ် အသုဘမှာ အဖိုးရဲ့ မြေးမြစ် ၁၀၀ ကျော်မှ နိဗ္ဗာန်ယာဉ်ဖြင့် မချပဲ ခြေလျင်ထမိးပြီး အိုးစည် ဗုံမောင်းဖြင့် အသုဘချ မည် မြင်းပေါင်စီး အလောင်းကစားမည်ဟူသော မိသားစုဆွေမျိုးမျဆန္ဒဖြင့်
ပြောက်ကွယ် နေသော ရိုးရာဓလေ့ တစ်ခုကို
ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ မမြင်ဘူးသူများကြည့်ရှု့ကြပါ။

Credit to Ko Thet Win Paing



Credit to Ko Pyi Soe


Credit to  Eleven Broadcasting's video 

Share:

0 comments:

Post a Comment

slider