EDUCATIONKYAIKKAMI

our website isComing Soon

In the mean time connect with us with the information provided

Copyright © Kyaikkhami Education | Published By Gooyaabi Templates | Powered By Blogger
Design by WebSuccessAgency | Blogger Theme by NewBloggerThemes.com

Popular Posts

Contact Form

Name

Email *

Message *

Accordition

Comments

Categories

Labels

Slide Show

Featured Posts

Category

Popular Posts

***ဆက်သွယ်ရန်***

Photo on Flickr

Sunday, May 8, 2016

ကွယ်လွန်သူ (မကေဇင်မြင့်ကျော်(ခ)ကေကေ) အသက် (၁၇)နှစ် ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်၊ ၀ိဇယတိုးချဲ့၊ မကျည်းချောင်(၃)လမ်းနေ၊


(မကေဇင်မြင့်ကျော်(ခ)ကေကေ) အသက် (၁၇)နှစ်
ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်၊ ၀ိဇယတိုးချဲ့၊ မကျည်းချောင်(၃)လမ်းနေ၊ (ဦးလွန်းငွေ+ဒေါ်အေးမြင့်)၊ ဦးလှရှိန်+ဒေါ်မြတို့၏မြေး၊ ဦးမြင့်ကျော်(ခ)သားကြီး+ဒေါ်အေးမော် တို့၏သမီး၊ မယွန်းနဒီကျော်၊ မောင်လင်းထက်ကျော် တို့၏အမ (မကေဇင်မြင့်ကျော်(ခ)ကေကေ) အသက်(၁၇)ခုနှစ်သည် ၁၃၇၈ခုနှစ်၊ ကဆုန်လဆန်း(၁)ရက်၊ ၇-၅-၂၀၁၆၊ စနေနေ့ နံနက်(၉း၀၀)နာရီအချိန်တွင် ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ရုပ်ကလာဒ်ကို ၄င်းကဆုန်လဆန်း(၂)ရက်၊ ၈-၅-၂၀၁၆၊ တနင်္ဂနွေနေ့ ညနေ (၃း၀၀)နာရီအချိန်တွင် ကျိုက္ခမီမြို့ဆင်ပုန်းသုသာန်သို့ ပို့ဆောင် "သဂြိုဟ်"ခဲ့ပြီးဖြစ်ပါသည်။
ကွယ်လွန်သူအားရည်စူး၍ ကျန်ရစ်သူမိသားစုများမှ၊ ၁၃၇၈ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ ၁၃-၅-၂၀၁၆ သောကြာနေ့ အလုပ်အကိုင် နှင့် ၄င်းလဆန်း(၈)ရက်၊ ၂၄-၅-၂၀၁၆၊ စနေနေ့ နံနက်(၅း၀၀)နာရီ အချိန်တွင် သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါ၍ ဆွမ်းကျွေးရေစက်ချတရားတော်နာသို့ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစု

* ကွယ်လွန်သူမကေဇင်မြင့်ကျော်(ခ)ကေကေ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ကျိုက္ခမီမြို့သူ/သားများထပ်တူ ၀မ်းနည်းရပါကြောင်းနှင့်
* ကွယ်လွန်သူမကေဇင်မြင့်ကျော်(ခ)ကေကေသည် မိမိပြုခဲ့သော ကောင်းမှုကုသိုလ် အဖို့ ဘာဂ ကို အမျှရ၍ သာဓု သာဓု သာဓု ခေါ်ဆို၍ သုဂတိ ဘုံသို့ ရောက်ပါစေသာ။

ကျိုက္ခမီမြို့သူ/သားများမှ ဆုတောင်း မေတ္တာပို့သလိုက်သည့်အပြင်

ရုပ်နာမ်နှစ်ဝ သင်္ခါရကို ငါဟုသမုတ် ယနေ့ကွယ်လွန်သူမကေဇင်မြင့်ကျော်(ခ)ကေကေ​သည် ဤလူ့လောက၌ရှိစဉ် ကောင်းမှုများကို ကောင်းစွာရွှင်လန်း ကြိုးပမ်းတကုတ် အားထုတ်ကုသိုလ်အစု ကောင်းမှု မင်္ဂလာကြောင့် ဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် သာသနာဦးစီး အရှင်မဟာကဿပ စသော မထေရ်ကြီးကဲ့သို့ လောကအကျိုး သာသနာအကျိုး သယ်ပိုးလိုလား မဟာထေရ်ကြီးများတို့သည်လည်းကောင်း၊ လောကအကျိုး၊ သာသနာ့အကျိုး သယ်ပိုးလိုလား၊ မင်းကောင်း မင်းမြတ်များတို့သည်လည်းကောင်း၊ ငါးမာန်အောင်မြင် ဘုရားရှင်၏ သုံးခွင်စကြာ သာသနာကို ကမ္ဘာအတွင်း ရောင်ဝါလင်းလျက် အနှစ်ငါးထောင် မြင့်ခေါင်ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ ကောင်းစွာ လျှောက် စောင့်ရှောက်ကူညီပါစေသော်ဝ်။

ယနေ့ကွယ်လွန်သူမကေဇင်မြင့်ကျော်(ခ)ကေကေ​သည် ကြီးငယ်နှစ်ဖြာ ဘ၀သံသရာ၌ အ၀ိဇ္ဇာ၊ တဏှာ မပြတ်ပါသဖြင့် ကပ်ကာယှဉ်မှိ ကျင်လည် ခဲ့ရသော်လည်း ဘ၀ထိုထို ခန္ဓာကိုယ်၌ တစ်ကိုယ်ကောင်းမရှာခဲ့၊ အများသတ္တ၀ါတို့၏ အကျိုးငှာသာလျှင် အစဉ်လိုလား ၀န်တိုစိတ် မထားပဲ ခွန်အားစိုက်ထုတ်ကောင်းမှုများ ပြုလုပ်ခဲ့ပါ၏။ အဆုံးဘ၀ နောက်ကာလ၌ ဓမ္မငါးခိုင်း ကိုယ်တိုင်သိငြား ပညာဓိက ဘုရားအဖြစ်သို့ စင်စစ်မုချ ရောက်ရှိရ၍ များလှဖုံဖုံ အလုံးစုံသော သုံးဘုံတိုက်နေ ဗိုလ်ခြေများစွာ နတ်လူ ဗြဟ္မာ ဝေနေယျတို့ကို သံသရာပြင်ကျယ် မြစ်ပင်လယ်တစ်ခွင် ကယ်တင်ရပါလို၏ဟူ၍ ကျိုက္ခမီမြို့သူ/သားများမှထပ်တူဆုတောင်းပါပေး၏။အရှင်ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ် - ဓမ္မစရိယ ဦးတင်မြင့်ဆုတောင်းပတ္ထနာမှ ကိုးကားရေးသားခြင်းဖြစ်ပါသည်။
ဓမ္မစရိယ ဦးတင်မြင့်အား ဘေးရန်ကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ သာသနာ့ဝန်ကို ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွတ်နိုင်ပါစေ။
ကျိုက္ခမီမြို့သူ/သားများမှ သာဓု သာဓု သာဓုပါ ဘုရား။

ဆရာတော်ကြီးရှစ်ပါး၏ ၀ိပဿနာရှုနည်းညွန့်ပေါင်း စာအုပ်ဒေါင်းလော့ယူရန်





 

Share:

0 comments:

Post a Comment

slider