EDUCATIONKYAIKKAMI

our website isComing Soon

In the mean time connect with us with the information provided

Copyright © Kyaikkhami Education | Published By Gooyaabi Templates | Powered By Blogger
Design by WebSuccessAgency | Blogger Theme by NewBloggerThemes.com

Popular Posts

Contact Form

Name

Email *

Message *

Accordition

Comments

Categories

Labels

Slide Show

Featured Posts

Category

Popular Posts

***ဆက်သွယ်ရန်***

Photo on Flickr

Friday, May 13, 2016

ယခု၅လပိုင်းအကုန်၆လပိုင်းတွင်အသင်းဝင်အိမ်ထောင်စုအသစ်များကိုစတင်၍လက်ခံမည်ဖြစ်ပြီး

ကျိုက္ခမီမြို့လုံးဆိုင်ရာ မန်းရတနာရပ်ကွက် နာရေးကူညီမှုအသင်း


<<<<ယခု၅လပိုင်းအကုန်၆လပိုင်းတွင်အသင်းဝင်အိမ်ထောင်စုအသစ်များကိုစတင်၍လက်ခံမည်ဖြစ်ပြီး အသင်းဝင်ကြေးမှာ ၄၀၀၀၀ကျပ်ဖြစ်ပါသည်။
ပရဟိတ79 ကျိုက္ခမီမြို့လုံးဆိုင်ရာမန်းရတနာနာရေးကူညီမှုအသင်း>>>>

* အသင်းတည်ထောင်သည့်နေ့ - ၁၃ . ၂. ၂၀၁၄

* အသင်းစတည်ထောင်သူကော်မတီအဖွဲ့ဝင် - ၁၀ ဦး
အသင်းကို လူငယ်တွေနဲ့ဖွဲ့စည်းထားပါသည်။

* အသင်း၏တည်နေရာ - ကျိုက်ခမီမြို့ မန်းရတနာအပေါ်ပိုင်း သာယာကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုရေးမှူးရုံးအနောက်လမ်း ဖိုးဝင်းကြည်တို့ အိမ်လမ်းဖြစ်ပါသည်။

* ဖွဲ့စည်းရခြင်း အကြောင်းအရင်း - မရှိဆင်းရဲသားများ နာရေးဖြစ်ပြီးဆိုလျှင် ငွေကြေးအခက်အခဲများစွာနဲ့ အများကြီးကြုံတွေ့ကြရသည်။

အဲဒါတွေမြင်ရတွေ့ရပြီး နာရေးအသင်းဖွဲ့ကြရအောင်ဆိုပြီး အသင်းကော်မတီအဖွဲ့ဝင် - ၁၀ ဦးနဲ့ ဦးဆောင်ပြီး အဖွဲ့ကို စတင်ဖွဲ့စည်းဖြစ်ခဲ့ကြသည်။

ယခုလက်ရှိအသင်းသားဦးရေ - ၈၂၀ယောက်ရှိပါသည်။

ရှင်းလင်းချက်။ ။ - နောက်တိုးအသင်းဆိုတာက အသင်းကြီးဝင်ထားတယ့်မိသားစုတွေမှဝင်ခွင့်ရှိတာပါ။ တခြားအပြင်လူဝင်လို့ မရပါဘူး။
- နောက်တိုးမိသားစုထဲကသေလျှင် အသင်းဝင်တစ်ဦးကိုကောက်ခံငွေ၁၅၀၀ဖြစ်ပြီး နောက်တိုးမဝင်ထားတယ့်မိသားစုကသေလျင် ကောက်ခံငွေကတစ်ထောင်လို့ သတ်မှတ်ထားပါသည်။

အသင်းမှာ ထောက်ပံ့တဲ့သူမရှိပါ။ အလှူခံလည်းမထွက်ပါ။ ကိုယ့်စနစ်နဲ့ကိုသွားကြတာဖြစ်သည်။

နားရေးဖြစ်လျှင် ထောက်ပံ့ငွေ ပမာဏ -
အသင်းဝင်မဟုတ်တဲ့မရှိဆင်းရဲသားနာရေးအိမ်တွေဆို အလှူငွေ၃သောင်းထောက်ပံ့ပါသည်။
အခုလက်ရှိနာရေးဖြစ်လျှင် ပေးတဲ့ငွေက ၇သိန်းခွဲဖြစ်နေပါသည်။
နောက်တိုးအသင်းဝင်ထားတယ့်သူဆိုလျှင် ၈သိန်း၂သောင်းရနေပါသည်။

ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူလျှင် အသင်းမှထောက်ပံ့ငွေ၇သိန်း လူအင်အားပါ ကူညီပေးပါသည်။
လက်ထောက်ဆရာတော် ပျံတော်မူလျှင် ငါးသိန်း။
အခန်းနေ ဦးပဇင်း ပျံတော်မူလျှင် ငါးသိန်း။
ကိုရင် ပျံတော်မူလျှင်  သုံးသိန်း။
သီလရှင်ဆိုသုံးသိန်း ဆိုပြီး အသီးသီးသတ်မှတ်လိုက်ပါသည်။
မှတ်ချက်။ ။ ဝါဆိုသံဃာစာရင်းတော့ ပြပေးရမှာ ဖြစ်ပါသည်။
ဝါဆိုထားတယ့်ကိုယ်တော်တွေမှသာ ခံစားခွင့်ရှိပါမည်။

နောက်ပြီး အသင်းဝင်အိမ်ပေါ်မှာဧည့်သည်သေဆုံးလျှင် ထောက်ပံ့ငွေ၃သောင်းပေးပါသည်။

ဘုန်ကြီးကျောင်းအရေအတွက် - ကျိုက္ခမီမြို့ပေါ်ကျောင်း၁၆ကျောင်းနှင့်ကဒါတ်ထောက်အပါဝင် ကျောင်းပေါင်းနှစ်ဆယ်ကို တာဝန်ယူပေးလိုက်ထားပါတယ်။

အသင်း၏ လှုပ်ရှားမှု ။ ။ နာရေးဖြစ်ပြီဆိုလျင် ဘာလိုအပ်ပါသလဲ လူအင်အားနဲ့ အစစအရာရာအားလုံး ကူညီပေးကြသည်။
အသုဘပို့လျှင် အသင်းကလူငယ်လေးတွေက အချိုရည်ကမ်း ကွမ်းယာကမ်း သကြားလုံးကမ်း
ပြန်လာတယ့်သူတွေကိုထမင်းဝိုင်းပြင်ပြီတော့
အလုပ်ကိုင်နေ့ကျလျင်လဲ လူငယ်တွေကို ဝိုင်းလုပ်ကြပါသည်။

အသင်း၏အစည်းအဝေ - နာရေးအသင်းတည်ထောင်ထားပြီတော့ အသင်းဝင်ကော်မတီဆယ်ဦးစုပြီး အစည်းဝေးထိုင်ကြသည်။
အကြံပြုကြသည်။ လက်ခံကြသည်။ စည်းကမ်းတွေသတ်မှတ်ကြသည်။

ရှင်းလင်းချက်။   ။လက်ရှိနာရေးဖြစ်သောအိမ်ထောင်စုတစ်စုအားပေးငွေမှာ၇၅၀၀၀၀ကျပ်ဖြစ်ပါသည်။အချို့သောသူတွေကမေးကြပါသည် အိမ်ထောင်စု၈၂၀ရှိတာ ဘာဖြစ်လို့၈၂၀၀၀၀ကျပ်မရသလဲပေါ့ ကျွန်တော်တို့နာရေးကူညီမှုအသင်းကငွေငါးသောင်းကျပ်နှုတ်ထားလို့ပဲဖြစ်ပါသည်။ငွေစုတာဝန်ခံတွေအားနာရေးအသင်းငွေကောက်ခံရာတွင်အသုံးပြုခြင်းဖြစ်ပါသည် သူတို့အားဆိုင်ကယ်ဆီဖိုးပြန်ပေးရခြင်းသာဖြစ်ပါသည်။ကျန်ငွေနှစ်သောင်းမှာမရှိဆင်းရဲသားနာရေးအိမ်များကအကူညီတောင်းခံရာတွင်ကူညီဖို့အတွက်သာဖြစ်သည်။

အသင်းဝင်နာရေးအိမ်များတွင် ကျွန်တော်တို့မန်းရတနာနာရေးကူညီမှုအသင်းမှနာရေးဖိတ်စာအရွက်သုံးရာနှင့်အသုဘအခေါင်းတွင်ကပ်ဖို့အတွက်သေဆုံးသူ၏နာမည်နှင့်အသက် ပါဝင်သောစာရွက်နှစ်ရွက်အားအသင်းမှဆောင်ရွက်ပေးပါသည်။

ကော်မတီအဖွဲ့ဝင်သူတို့၏အလုပ်အကိုင်များ။    ။
ဦးထွန်းထွန်းဝင်း(ဥက္ကဌ)။   ။ကြီးကြီးသေးသေး ဆံသဆိုင်
ဦးဆန်းနိုင်။  ။ခေတ္တမလေးရှား
ဦးရန်နိုင်စိုး။  ။နယ်လှည့်စက်ပြင်
ဦးစိုး(ခ)ဦးနို့ဆီ။   ။ဆိုက္ကားနင်း
ဦးအောင်ကိုဦး(ခ)ဖိုးကုလား။   ။ဆိုက္ကားနင်း
ဦးဇော်လွင်။     ။ရေလုပ်ငန်း(ကျား)
ဦးဝင်းရွှေ။    ။ရော်ဘာခြစ်
ဦးတင်ဦး။    ။ရေလုပ်ငန်း(ကျား)
ဦးမိုးကျော်အောင်။         ။ဆိုင်ကယ်စက်ပြင်
ဦးချစ်မင်းကို။    ။မွေးမြူရေးလုပ်ငန်း တို့ပဲဖြစ်ကြပါသည်

Credit to
ကျိုက္ခမီမြို့လုံးဆိုင်ရာ မန်းရတနာရပ်ကွက် နာရေးကူညီမှုအသင်းတစ်ဦးဖြစ်သည့် ကိုချစ်မင်းကို Facebook CB မှ မေးမြန်းထားတာ ဖြစ်ပါသည်။












Share:

0 comments:

Post a Comment

slider