ဘာလိုလိုနဲ့ လာမယ့် သီတင်းကျွတ်လပြည့်ည ... အာရုံတက်ချိန်မှာ အစပြုတဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်တဲ့ ဆွမ်းအိုးမျှောပွဲကနေစပြီး (၅) ရက် (၅) ညတိုင်တိုင်ကျင်းပမယ့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် တောင် ရောက်တော့မှာပါလား ...
... လပြည့်ညမနက်စောစော ထပြီး ဆွမ်းအိုးမျှောပွဲသွားမယ် ...
... နာမည်ကျော်တွေသီဆိုမယ့် ဂီတဖျော်ဖြေပွဲကြည့်မယ် ...
... ပွဲဈေးတန်းလျှောက်မယ် ...
စသဖြင့် စသဖြင့် ....
... ဘာရယ်မဟုတ်ပါဘူး ... အဝေး/အနီးက သူငယ်ချင်းတွေ မေ့နေမှာဆိုးလို့ မနှစ်ကရိုက်ထားတဲ့ပုံတွေနဲ့ လာအသိပေးတာ ... :)
Credit to Myat Min
0 comments:
Post a Comment