ယနေ့ ၁၆.၉.၂၀၁၆ တော်သလင်းလပြည့်နေ့ ကျိုက္ခမီရေလယ်ဘုရားတွင် ရွှေသံလွင်မိသားစုမှ စတုဒီသာထမင်းဖြင့်အလှူဒါနပြုလုပ်သောမြင်ကွင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ
ဝိုင်းဝန်းချက်ပြုတ်ပေးခဲ့ကြသောအိုးသူကြီးဦးဘောဂအဖွဲ့နှင့်အတူ ဧည့်ခံကျွေးမွေးကြကုန်သောဦးမော်ကြီးတို့ဇနီးမောင်နှံ နှင့်အတူမုဆိုးချောင်မှပရဟိတညီကိုမောင်နှစ်မများ ဒေါ်ကြည်ဝင်းဦးဆောင်သောဆင်ပုန်းလူငယ်အဖွဲ့ ဆရာမဒေါ်တင်တင်ဌေးနှင့်လာဝိုင်းကူညီကြသောဆရာမလေးများ ကျိုက္ခမီမြို့လုံးဆိုင်ရာမန်းရတနာနာရေးကူညီမှုအသင်းမှပရဟိတလူငယ်များနှင့် ဟိတကာရီနာရေးကူညီမှုအသင်းမှကိုနိုင်စိုးတို့ အားလုံးအားလုံးကို အလှူရှင် ရွှေသံလွင်မိသားစုကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာ လာမည့်သီတင်းကျွတ်လပြည့်စတုဒီသာကျွေးမွေးလျင်လည်းဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြပါဦးလို့ထပ်ဆင့်ပြောကြားလိုက်ပါတယ်ခင်ဗျာ
ပရဟိတ79
0 comments:
Post a Comment