ရေးမြို့နယ် အစင်ကျေးရွာ မြို့ဟောင်းကုန်းမှ ဒေါ်အေးလှိုင် (ကျားပိုက်လုပ်ငန်းရှင်) ပိုင် ကျားဖောင် နှင့်အတူ ကျားပိုက်လုပ်သမား (၃)ဦး မှာ လှိုင်းလှေပြင်းထန်ပြီး ကျိုက္ခမီအောင်ပင်လယ်ရပ်ကွက်ဆင်ပုန်း ကမ်းခြေ မီးပြကျွန်း အနီးသို့ ရောက်ရှိလာပြီး အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှုး ဦးပေါ မှ ဆယ်ယူကယ်တင်ခဲ့ပြီး ကျိုက္ခမီမြို့ ငါးလုပ်ငန်းရှင်မျာအဖွဲ့ချုပ်ဥက္ကဌ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှုး။ ရဲစခန်း မြို့စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းကာလူသားချင်းစာနာထောင့်ထား၍ နေရပ်သို့ပြန်နိုင်ရန်အတွက်ဆက်သွယ်ဆောင်ရွက်ပြီး လိုအပ်သည်များအား ကူညီပံပိုးပေးခဲ့ကြသည်။၎င်း တို့ကဲ့သို့ ပင်လယ်ထဲ မျောပါနေသော ဖောင်များရှိသေးဟုလဲသိရှိရပါသည်။
Credit to Ko Thet Win Paing



0 comments:
Post a Comment