(ကျိုက္ခမီမြို့သူ/သားများခင်ဗျာ. Adminကို ဒီ ပို့စ်လေ တင်ခွင့်ပြုပါပြီး အားလုံးကို ရှင်းပြပါရစေ။
အောက်ဖော်ပြသည့်ပုံများတွင် ရှိသော အမှိုက်များသည် ဘုရားဖူးများစွန့်ပစ်သွားသောအမှိုက်တွေရှိသလို၊ ပင်လယ်ဒီရေအတတ်နဲ့မျောပါလာသောအမှိုက်တွေလည်းရှိပါတယ်။)
၁။ သင်္ကြန်အတွင်းတွင် ဘုရားဖူးလာ ရွှေဧည့်သည်တော်များ အလည်အပတ်လာကြသည်မှာ လူဦးရေ သိန်းနဲ့ချည်ရှိသည်ကို မြင်စေလိုပါသည်။ စည်းကမ်းသည် လူ၏တန်းဖိုးဆိုသလို သိန်းချည်းတဲ့လူဦးရေးကို လက်ချိုးရေတွက်လို့ရတဲ့ ဘုရားဝန်ထမ်းတွေကို ဒေသခံတွေကို အပြစ်မတင်စေလိုပါ။
- ကျိုက္ခမီမြို့တွင်ရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းများ၊ ကျိုက္ခမီမြို့တွင်ဖွဲ့စည်းထားသော ပရဟိလူငယ်အသင်းအဖွဲ့များနှင့် ကျိုက္ခမီမြို့သူ/သားဒေသခံများ ကျိုက္ခမီမြိုသန့်ရှင်းလှပရေးအတွက် ဆွေးနွေးခြင်းများပြုလုပ်ပြီးလျှင် မြို့၏အလှကို ဆက်လက်ထိန်းသိမ်းသွားပါ့မည်ဖြစ်ကြောင်း။
၂။ ပင်လယ်ဒီရေကြောင့် မျောပါလာသော အမှိုက်များအကြောင်းနှင့်ပင်လယ်ကြီးအကြောင်းတို့ကို အံ့ဖွယ်၈ဖြာသာသာနာတော်တွင် ရှင်းလင်းထားသည်ကို မြင်စေလိုပါသည်။
- ပင်လယ်ဒီရေနှင့်မျောပါလာသည့်အမှိုက်များကို စနစ်တကျဖြစ်အောင် သဲသောင်ပြင်သန့်ရှင်းရေး ထိန်းသိမ်းသည့် အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ဆွေးနွေးခြင်းများ ပြုလုပ်သွားပြီးလျှာင် သန့်ရှင်းထိန်းသိမ်းရေးများကို ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း။
(စေတနာဖြင့် ရှေ့ဆက်မည်သို့ သန့်ရှင်းထိန်းသိမ်းသွားမည့်ကို သိရှိလို၍ ဓါတ်ပုံကို Tab ပေးပါသော ကို Min Nyan Tar အား ကျေးဇူးတင်ရှိပါကြောင်း။
အကြံပေးပါသော Comment ဖြင့် Golden Sky အား ကျေးဇူးအထူးတင်ရှိပါကြောင်း။
လက်ရှိဆွေးနွေးပြီးခဲ့သော အဖေနဲ့ညီလေး၊ ကိုပြည်းစိုး၊ ကိုကျော်ဟိန်း၊ ကိုသတ်ဝင်းပိုင်၊ အားလုံးကို ကျေးဇူးတင်ကြောင်း။ ဆက်လတ်ပြီးတော့ လူကြီးပိုင်ဆိုင်ရာများနှင့် အသင်းအဖွဲ့များနှင့် ဆက်လက်ဆွးနွေးသွားမည်ဖြစ်ကြောင်း။)
အကြံများကို Comment များဖြင့် နွေးထွေးစွာ ကြိုဆိုနေပါသည်။
မှတ်ချက်။ ။ ဆဲဆို ညစ်ညမ်းသော အရေးအသားများ မရေးကြပါရန်နှင့် လိုအပ်သည့်နေရာကိုသာ ဖြည့်ဖို့ရန်သာ လိုပါသည်။
အပြစ်ပြောချင်သူများခင်ဗျာ သူများမြို့တွေကို အပစ်မပြောခင် ကိုယ့်နေထိုင်သည့် မြို့တွင်လည်း သန့်ရှင်းပါရဲ့လားဆိုတာကို ပြန်သုံးသပ်စေချင်ပါသည်။ အားလုံးကို ကျေးဇူးအထူးတင်ပါသည်။)
ကို Min Nyan Thar မှ (၁၈.၀၄.၂၀၁၆)တွင် ပေးပို့ထားတာ ဖြစ်ပါသည်။
ဒေသသန့်ရှင်းရေးအတွက် ဘုရားဖူးလာဧည့်သည်တွေကို လိုက်နာစေချင်ပါတယ်။
အမှိုက်စွန့်ပစ်ရမည့်နေရာမှာပဲ စွန့်ပစ်စေချင်ပါတယ်။
ကို Min Nyan Thar မှ (၁၈.၀၄.၂၀၁၆)တွင် ပေးပို့ထားတာ ဖြစ်ပါသည်။



0 comments:
Post a Comment